Covid_19 ကိုအနိုင်တိုက်ကြမယ်။
အခုအချိန် လူတိုင်း Covid + လို့သဘောထားရမယ်
ဘယ်လိုနေမကောင်းဖြစ်ဖြစ် covid ပဲ
ဖျားလည်း ဗစ်
ချောင်းဆိုးလည်း ဗစ်
ခေါင်းကိုက်လည်း ဗစ်
ဝမ်းလျောလည်း ဗစ်
နေကောင်းနေလည်း/ရောဂါလက္ခဏာမရှိလည်း ဗစ်နေနိုင်တာပဲ
တော်ပြီစစ်မနေတော့ဘူး
အရေးကြီးတာ မကူးဖို့ မသေဖို့
မကူးဖို့ဆို
လူတိုင်းကို + လို့သဘောထား
ဝေးဝေးနေ
Mask တပ်
လက်ခဏခဏဆေး
မသေဖို့ဆို
ဆရာဝန်နဲ့ကု
ဆရာဝန်က ဘယ်လိုကုမှာလဲ
ရောဂါမဆိုးရင် အထွေအထူးမလို
ရေများများသောက် အားရှိအောင်စား အိပ်ရေးဝအောင်အိပ်
အားဆေးတွေမရမက လိုက်ဝယ်မနေဲ့
ဖျားရင် ကိုက်ခဲရင် ပါရာ
ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေးသောက်
ရောဂါဆိုးရင် ဆေးရုံတက်(ဆေးရုံတက်ဖို့ အခက်အခဲရှိရင်
)

Covid မှာ ရောဂါဆိုးလာရင် O2 ကျပြီ
အဓိက ကုသမှုက
၁။မှောက်အိပ်
၂။O2 ရှူ
၃။Dexamethasone ဆေး
ဒီ ၃ ခုအဓိက
၁။ မှောက်အိပ်တာ ဘယ်မှသွားဝယ်စရာမလို၊ You tube မှာရှာကြည့်၊ နားလည်တဲ့သူကို ph ဆက်မေး
၂။ O2 ကလိုက်ရှာ၊ ရသလောက်ရှူ
၃။ Dexamethasone ဆေး – သူကလိုအပ်တဲ့အချိန်မှာ Timing ကိုက်ပြီးပေးရတာ။ မလိုအပ်တဲ့အချိန် စောပေးမိရင် ကိုယ်ခံအားကျပြီး ဗိုင်းရပ်စ်ပွားတာကိုပိုဆိုးစေနိုင်။ နောက်ကျရင်လည်း O2 အရမ်းကျမှဆိုတော့ သိပ်မကောင်း။ အချိန်ကိုက်ပေးနိုင်လို့ O2 အရမ်းမကျအောင်ထိန်းနိုင်ရင် O2 လိုက်ရှာရတဲ့ ဒုက္ခနည်းတာပေါ့။
အချိန်ကိုက်စနိုင်ဖို့ဆို နေမကောင်းစဖြစ်ကတည်းကဆရာဝန် တယောက်ယောက်နဲ့ ကြိုပြီးဆက်သွယ်ထား။ Teleconsultation နဲ့ဖြစ်ဖြစ် ကုသမှု အကြံဉာဏ်ယူထား။ Pulse oxymeter နဲ့ O2 ကို မကြာခဏ (၁ နေ့ ၄ ကြိမ်ခန့်) တိုင်း။ ကျတယ်ဆို ဆရာဝန်ကိုပြန်ဆက်သွယ် ကုသမှုယူ။ ကိုယ့်သဘောနဲ့ကို မသောက်ပါနဲ့။
ထပ်ပြောရရင်
မကူးဖို့ဆို
လူတိုင်းကို + လို့သဘောထား
ဝေးဝေးနေ
Mask တပ်
လက်ခဏခဏဆေး
မသေဖို့ဆို
ဆရာဝန်နဲ့ကု(ဆရာဝန်မညွှန်ကြားတဲ့ဆေး/ကုသမှုမလုပ်ပါနဲ့)
မိမိကိုယ်ကိုစောင့်ရှောက်ပါ။
အားလုံး ကျန်းမာကြပါစေ