သွေးလွန်တုတ်ကွေး

ခြုံငုံမိသမျှ
သွေးလွန်တုတ်ကွေးဆိုတာ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်ခုဖြစ်ပြီး စွတ်စိုသောအပူပိုင်းဒေသများတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။ သွေးလွန်တုတ်ကွေးပြင်းထန်ပါက သွေးထွက်လွန်ခြင်း သွေးပေါင်အလွန်အကျွံကျတာ shock ရနိုင်ခြင်း ဖြစ်ကာ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။
တနှစ်ကိုသွေးလွန်တုတ်ကွေးကြောင့် လူသန်းပေါင်းများစွာသေဆုံးလျက်ရှိပါသည်။ အများအားဖြင့် အရှေ့တောင်အာရှဒေသ,အနောက်ပစိဖိတ်ကျွန်းဆွယ်များနှင့် လက်တင်အမေရိက အာဖရိကတို့တွင်အဖြစ်များလေ့ရှိပါသည်။ တခါတလေ ဥရောပနှင့် အမေရိကန်တောင်ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုပြင်းထန်စွာပေါ်ပေါက်တတ်ပါသည်။
သွေးလွန်တုတ်ကွေးအတွက် ကာကွယ်ဆေးများထုတ်လုပ်လျက်ရှိသော်လည်း အကောင်းဆုံးသော ကာကွယ်ခြင်းမှာ ခြင်မကိုက်ခံရအောင်နေထိုင်ခြင်းနှင့် ခြင်ပျံ့ပွားမှုကို တားဆီးခြင်းပင်ဖြစ်ပါသည်။

လက္ခဏာများ
များသောအားဖြင့် လက္ခဏာမပြတတ်ပေ။ လက္ခဏာပြသောအခါတွင်လည်း အခြားသော တုတ်ကွေးရောဂါစသည်တို့နှင့် တူလေ့ရှိတတ်သည်။ ရောဂါပိုးပါသော ခြင်ကိုက်ခံရပြီး ၁၀ ရက်မြောက်နေ့တွင် စတင်ပြီး သွေးလွန်တုတ်ကွေးကိုခံစားရလေ့ရှိပါသည်။
များသောအားဖြင့်အဖျားကြီးခြင်း (၁၀၄ ဒီဂရီခန့်အထိ) နှင့်လာတတ်ကာအောက်ပါလက္ခဏာများပါ ယှဥ်တွဲခံစားရတတ်ပါသည်။
- ခေါင်းကိုက်ခြင်း
- ကြွက်သား နှင့် အရိုးအဆစ်နာကျင်ခြင်း
- ပျို့ခြင်း
- အန်ခြင်း
- မျက်လုံးတဝိုက်နာကျင်ခြင်း
- အကျိတ်များကြီးလာခြင်း
- အနီကွက်ထခြင်း
အများစုမှာ တစ်ပါတ်အတွင်း သက်သာသွားလေ့ရှိပြီး တစ်ချို့သူတွေကတော့ ပိုဆိုးလာတတ်ကာသေဆုံးတတ်ပါသည်။ ဒီလိုဖြစ်လာသည်ကို ပြင်းထန်သွေးလွန်တုတ်ကွေး (severe Dengue), သွေးလွန်တုတ်ကွေးကြောင့် သွေးလန့်ခြင်း (Dengue Shock Syndrome) ဟုခေါဆိုပါသည်။
ပြင်းထန်သွေးလွန်တုတ်ကွေးဖြစ်သောအခါ သွေးကြောများထိခိုက်ပျက်စီးကာ ယိုပေါက်များဖြစ်ပေါ်လာသည်။ သွေးဥမွှားအရေအတွက်လည်းရုတ်တရက်ကျဆင်းလာပါသည်။ ထိုအချက်များကြောင့် သွေးလန့်ခြင်း ကိုယ်တွင်းသွေးယိုစီးခြင်း နှင့် ကလီစာများပျက်စီးကာသေဆုံးတတ်ပါသည်။
ရှေ့ပြေးအရေးပေါ် လက္ခဏာများ ကိုသိရှိရန်လိုအပ်ပြီး အချိန်အနည်းငယ်အတွင်းမှာပင်ပိုမိုဆိုးရွားလာတတ်ပါသည်။
- အပြင်းအထန်ဗိုက်အောင့်ခြင်း (ရင်ညွန့် တဝိုက်)
- ဆက်တိုက်အန်ခြင်း
- သွားဖုံးနှင့်နှာခေါင်းမှသွေးယိုစီးခြင်း
- ဆီးဝမ်းတွင်သွေးပါခြင်း
- အသက်ရှုကျပ်ခြင်း မြန်လာခြင်း
- နှုန်းခြင်း
- ဂဏှာမငြိမ်ဖြစ်ခြင်း
ဘယ်အချိန်မှာဆရာဝန်နှင့်ပြရမှာလဲ။
သွေးလွန်တုတ်ကွေးပေါသောအရပ်လို့ခရီးသွားပြီး ဆယ်ရက်ခန့်အကြာတွင်ဖျားလာခြင်းဖြစ်ကာ အထက်ပါ ရှေ့ပြေးအရေးပေါ််လက္ခဏာများပေါ် ပေါက်လာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါမည်။
ဘာကြောင့် သွေးလွန်တုတ်ကွေးဖြစ်ရသလဲ။
သွေးလွန်တုတ်ကွေး virus ကူးစက်ခံရသော ခြင်ကိုက်ပါက သွေးလွန်တုတ်ကွေးဖြစ်ပွားနိုင်ပါသည်။ ပိုးအမျိုးအစားနှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင် နှစ်မျိုးစလုံးရှိပါသည်။ ပိုးတမျိုးကူးစက်ခံရပြီး ပြန်လည်သက်သာလာပါက အဆိုပါပိုးအတွက် ကိုယ်ခံအားရရှိသွားနိုင်သော်လည်း နောက်တမျိုးထပ်မံကူးစက်နိုင်ပါသည်။ ထို့အပြင် အကြိမ်ရေအများအပြားဖြစ်ပါက နောက်ဖြစ်သောအကြိမ်သည် ရှေ့အကြိမ်ထက် လက္ခဏာများပိုမိုပြင်းထန်နိုင်ပါသည်။
ဖြစ်စေတန်သောအကြောင်းအရာများ
အပူပိုင်းဒေသသို့ခရီးသွားခြင်း (အထူးသဖြင့်သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများပြာသေားအပူပိုင်းဒေသ) မြန်မာတစ်နိုင်ံလုံးအကျုံးဝင်ပါသည်။
အရင်တကြိမ်သွေးလွန်တုတ်ကွေးဖြစ်ဖူးခြင်း သည်လည်း နောက်တကြိမ်ထပ်မံဖြစ်စေနိုင်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
အဓိကအားဖြင့် ကိုယ်တိုင်းသွေးယိုစိမ့်မှုဖြစ်ပွားကာ အတွင်းကလီစာများပျက်စီးနိုင်ပါသည်။ သွေးပေါင်ကျ သွေးလန့်ကာ အသက်သေဆုံးနိုင်ပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသွေးလွန်တုတ်ကွေးဖြစ်ပွားပါက ကလေးဆီမွေးဖွားစဥ်ကူးစက်နိုင်ပါသည်။ ထို့အပြင် လမစေ့ခင်မွေးဖွားခြင်း ကလေးပေါင်မပြည့်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
ကာကွယ်ခြင်း
ကာကွယ်ဆေး (dengvaxia) ကို အသက် ၉ နှစ်မှ ၄၅ နှစ်အတွင်း ထိုးနှံနိုင်ပါသည်။ ၁၂ လအတွင်း သုံးကြိမ်ထိုးရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုးနှံလေ့မရှိပါ။
ခြင်မကိုက်အောင် ကာကွယ်ခြင်း
ခြင်မကိုက်အောင်ကာကွယ်ခြင်းသည်အကောင်းဆုံးသောနည်းလမ်းဖြစ်ပါသည်။
- ခြင်ထောင်များ ခြင်လုံစကာများ သုံးစွဲခြင်း
- အဝတ်အစားလုံလုံခြုံခြုံဝတ်ဆင်ခြင်း (လက်ရှည်စသည်)
- ခြင်မကိုက်လိမ်းဆေးလိမ်းခြင်း
- ခြင်များခိုအောင်းနိုင်သည့် ရေဝပ်နေရာများကို သန့်စင်ခြင်း
ဆရာဝန်နှင့်ဆွေးနွေးရန် ရှိပါက ကျွန်တ်ောတို့ facebook page (www.facebook.com/oskclinc) တွင်ပြသဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
Dr. Kaung
OSK – Online Clinic